
ရီးရဲလ်မက်ဒရစ် ဥက္ကဌေဟာင်း ေရမွန်ကယ်ဒါရွန်က မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရူနီ သည် လက်ရှိ ရီးရဲလ်ဥက္ကဌ
ဖေလာ်ရင်တီနို ပီရက်စ်၏ ပစ်မှတ်အသစ် ြဖစ်လာနိုင်ေြကာင်း ခန့်မှန်းလိုက်သည်။ ကယ်ဒါရွန်က ပီရက်စ်သည် ယူရိုေငွ သန်း(၈၀)မှ (၁၀၀) အထိေပးကာ အဂင်္လန် လက်ေရွးစင် တိုက်စစ်မှူးအား ေခါ် ယူသွားဖွယ် ရှိေြကာင်း ေြပာဆိုခဲ့သည်။
ပရီးမီးယားလိဂ်တွင် (၂၅)ဂိုး သွင်းထားသည့် အသက်(၂၄)နှစ်ရှိ ရူနီသည် အသင်းေဖာ်ေဟာင်း ခရစ် စတီယာနို ေရာ်နာဒိုနှင့် အတူ ဘာေနဗျူး ကွင်းြကီးတွင် အြဖူေရာင် ဝတ်စံုနှင့် ေဘာလံုး ကစားေန သည်ကို ြမင်ရပါကလည်း မိမိအတွက် ထူးဆန်းေနမည် မဟုတ်ဟု ကယ်ဒါရွန် ကဆိုသည်။
ယူနိုက်တက်သည် ၎င်းတို့၏ အရည်အေသွးြပည့် ကစားသမားေလးအား အဆံုးရံှုးခံဖွယ် မရှိေသာ်လည်း ယေန့ေခတ်တွင် ေငွေြကး၏ အခန်းကဏ္ဍက အလွန်ပင် ြကီးမားလာေြကာင်း ၎င်းက သံုးသပ်ခဲ့သည်။ ပီရက်စ်ကမူ ၎င်းသည် ပရီးမီးယားလိဂ် တွင်သာ ေြခစွမ်းြပ နိုင်ေလ့ ရှိသည့် အဂင်္လိပ် ေဘာလံုးသမား များကို ဝယ်ယူရန် စိတ်ကူးမရှိေြကာင်း ေြပာြကား ထားခဲ့ဖူးသည်။













