
ရီးရဲလ်မက်ဒရစ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဗဟို ခံစစ်မှူး နီမန်ဂျာဗီဒစ်အား ရရှိရန် အတွက် အသင်းမှ တိုက်စစ်မှူး ကီရင်ဘန်ဇီးမားကို အလိုက်ေပး ကမ်းလှမ်း သွားဖွယ် ရှိေနေြကာင်း သိရသည်။
ရီးရဲလ် နည်းြပသစ် ဟိုေဆးေမာ်ရင်ညိုသည် အသက် (၂၈) နှစ်ရှိ ဆာဘီးယားေနာက်ခံလူအား သေဘာကျ လျက်ရှိရာယမန်နှစ်က အသင်း၏ အရံခံုတွင် အထိုင်များေနေသာ ြပင်သစ် လက်ေရွးစင် ဘန်ဇီးမားအား အလိုက်ေပး ေခါ်ယူရန် စိတ်ဝင်စားေနသည်။ ယူနိုက်တက် နည်းြပြကီး ဆာအလက် ဖာဂူဆန် ကိုယ်တိုင်ကလည်းအသက် (၂၂) နှစ်သာရှိေသးေသာ ဘန်ဇီးမားကို အလိုရှိ ေနေြကာင်း သိရသည်။ ဘန်ဇီးမားသည်ြပင်သစ် ကလပ် အိုလံပစ် လိုင်ယွန်တွင် အေကာင်းဆံုး ေြခစွမ်းြပ နိုင်ခဲ့ြပီးေနာက်ယမန်နှစ် ေနွရာသီက စပိန် ထိပ်တန်း ကလပ် အသင်းြကီးထံ ေြပာင်းေရွှ့ လာခဲ့ေသာ်လည်း ဂွန်ဇာလိုဟီဂူရင်နှင့် ခရစ်စတီယာနိုေရာ်နာဒိုတို့ေြကာင့် အရံခံုတွင်သာ အထိုင်များေနရသြဖင့် အသင်းမှထွက်ခွာရန် ဆန္ဒရှိေနသည်။
ယူနိုက်တက်နှင့် အတူ အေကာင်းဆံုး ေြခစွမ်း ြပသ နိုင်ခဲ့သည့် ဗီဒစ်မှာလည်း ဇနီးသည်မှာ အဂင်္လန်ေြမတွင် မေပျာ်ရွှင်ြခင်းေြကာင့် အသင်း ေြပာင်းဖွယ် ရှိေြကာင်း သတင်းများ ထွက်ေပါ်လျက်ရှိြပီး ၎င်းအား ရီးရဲလ် အြပင် ဘာစီလိုနာ၊ ေအစီမီလန်စသည့် ဥေရာပ ထိပ်တန်း အသင်းအေတာ်များများက စိတ်ဝင်စား ေနေြကာင်း သိရှိရသည်။













