
အင်တာမီလန် နည်းြပ ဟိုေဆး ေမာ်ရင်ညိုသည် လီဗာပူးအသင်းမှ အသင်းေခါင်းေဆာင် ကွင်း လယ် ကစားသမား စတီဗင်ဂျာရတ် အား
အသင်းရှိ လူငယ် တိုက်စစ်မှူး မာရီယို ဘာေလာ့ တယ်လီ နှင့် အလိုက်ေပး ေခါ်ယူသွားရန် စဉ်းစား ေနေြကာင်း သိရှိရသည်။
အဂင်္လန် လက်ေရွးစင် ဂျာရတ်သည် ေမာ်ရင်ညို အနှစ်သက်ဆံုး ကစားသမား တဦးြဖစ်ြပီး ၎င်း ချဲလ်ဆီး အား ကိုင်တွယ်ေနစဉ် ကတည်းက ေခါ်ယူ ရန် ြကိုးပမ်းခဲ့ဖူးသည်။ အသက် (၁၉)နှစ် အရွယ် ဂါနာဖွား၊ အီတလီလူငယ် တိုက်စစ်မှူးေလး ဘာေလာ့တယ်လီမှာ ေပါင် စတာလင် (၆၂)သန်းနှင့်မှ ေြပာင်းေရွှ့ခွင့် ြပုမည်ဆိုေသာ အချက်ကို စာချုပ်အတွင်း ထည့်သွင်းချုပ်ဆို ခံထားရသူ ြဖစ် သည်။
အင်တာ ဥက္ကဌ မက်ဆီမို မိုရက်တီ ကိုယ်တိုင် ကလည်း ဘာေလာ့တယ်လီ ၏ ပရိသတ်တဦး ြဖစ်ေနသည့်တိုင် ေမာ်ရင်ညို ကမူ ၎င်းအား ဂျာရတ် အတွက် အလိုက်ေပးသွားရန် စဉ်းစားလှျက် ရှိသည်။ အင်တာသည် အရည်အေသွးရှိ ကွင်းလယ်လူ တဦး အား ြဖည့်တင်းရန် စီစဉ်လှျက် ရှိရာ အသက် (၂၉)နှစ်အရွယ် ဂျာရတ်အြပင် အာဆင်နယ်မှ အသင်းေခါင်းေဆာင် ဆက်ဖာ ဘရီဂက် ကိုလည်း စိတ်ဝင်စားလှျက် ရှိသည်။
ေမာ်ရင်ညိုကလည်း ေနွရာသီ အေြပာင်းအေရွှ့ ကာလတွင် ထိပ်တန်း ကွင်းလယ်လူ တဦး ေခါ်ယူေရးကို အဓိက ပစ်မှတ် အြဖစ် ရည်စူးထားေြကာင်း အတည်ြပု ေြပာဆိုသွားခဲ့ သည်။













