
ေဟာဒီ … ေြခေထာက်ဟာ
ေရွှဖိနပ်ကိုလည်း … ချိန်ဖူးတယ်
ေရွှဂိုးကိုလည်း … သွင်းဖူးတယ်။
ခရီးေရာက်ေအာင်လည်း သွားဖူးတယ်
လမ်းေပျာက် ရွာလည်လည်း ြဖစ်ဖူးတယ်။
ေဟာဒီ … ေြခေထာက်ဟာ
ကိုယ့် ပုဆိုးကိုလည်း နင်းဖူးတယ်
ကိုယ့် အမျိုးကိုလည်း ညှဉ်းဖူးတယ်
ကိုယ့် ဂိုးကိုလည်း သွင်းဖူးတယ်။
ေဟာဒီ … ေြခေထာက်ဟာ
သူရဲေကာင်းရဲ့ ြမင်းတေကာင်လည်း ြဖစ်ဖူးတယ်
သူယုတ်မာရဲ့ မသာ ရထားလည်း ြဖစ်ဖူးတယ်။
တကယ်ေတာ့ ….. လူတိုင်း ပိုင်ဆိုင်တဲ့ ေြခအစံုဟာ
လူတိုင်း လိုချင်တဲ့ ခရီးကိုသွားေပးတယ်
ေကာ်ေဇာကိုလည်း နင်းေပးတယ်
ေခွးေချးကိုလည်း နင်းေပးတယ်
ေြခေထာက်ပိုင်ရှင် ေစသလိုပ။
ဘေစာတင်














