
တရုတ် နိုင်ငံသည် ဆန္ဒြပမှုများ ြဖစ်ေပါ် လာနိုင်သည် ဟူေသာ သတင်းများေြကာင့် တိဘက် ေဒသတွင် လံုြခံုေရး တင်းတင်း ြကပ်ြကပ် တိုးြမှင့်
ချထားလိုက်ေြကာင်း သိရှိရသည်။
ယခု သီတင်းပါတ် အတွင်း ရဲတပ်ဖွဲ့နှင့် စစ်သည်များ တိဘက်ရှိ လာဆာြမို့ေတာ်တွင် အများအြပား ေရာက်ရှိေနသည်ကို ေတွ့ြမင်ခဲ့ ရေြကာင်း ေဒသခံများက ဆိုသည်။ လာဆာ ြမို့ေတာ်ရဲတပ်ဖွဲ့ အြကီးအကဲ မာဂျန်က မိမိတို့ သည် လံုြခံုေရးတပ်ဖွဲ့ အရာရှိ(၂၈၀၀) ကို တပ်ြဖန့်ထားြပီး ရာဇဝတ်မှု မှတ်တမ်းနှင့် အြခားေသာ ရဲတပ်ဖွဲ့ မှတ်တမ်းရှိသူ ေထာင် ဂဏန်းမှျကို ေစာင့်ြကည့်ေနေြကာင်း အတည်ြပု ေြပာြကားခဲ့သည်။
(၁၉၅၉)ခုနှစ်၊ မတ်လအတွင်းက တိဘက်ေဒသသည် တရုတ် အုပ်စိုးမှုေအာက်မှ ရုန်းထွက်ရန် ြကိုးပမ်းသည့် အေရးေတာ်ပံုကို ဆင်နွှဲ ခဲ့ေသာ်လည်း မေအာင်ြမင်ခဲ့ေချ။ ယခုအခါ အဆိုပါ နှစ်ပတ်လည် အေြခ အေနသို့ တေကျာ့ြပန် ေရာက်ရှိ လာြပီးေနာက် တရုတ်အစိုးရက ဆူပူမှုများ ေပါ်ေပါက် လာမည်ကို စိုးရိမ်ေနသည်။
အထူးသြဖင့် တိဘက်နှင့် နီးကပ်ေသာ အိန္ဒိယနိုင်ငံသို့ နယ်နှင်ဒဏ်ခံ တိဘက်ဘုန်းေတာ်ြကီး ဒလိုင်းလားမား ြပန် လည်ေရာက်ရှိ လာချိန်တွင် တရုတ်က ပိုမိုအာရံုစိုက် ေစာင့်ြကည့် လျက်ရှိသည်။ ယခုအခါ လာဆာရှိ လမ်းမများတွင် ေအာ်တိုမက်တစ် ေမာင်းြပန်ရိုင်ဖယ် ကိုင်ေဆာင်ထားသည့် ေထာင်ေပါင်း များစွာေသာ လံုြခံုေရး တပ်ဖွဲ့ဝင် အေြမာက်အများ ေရာက်ရှိေနေြကာင်း သတင်းများက ေဖာ်ြပခဲ့ြကသည်။













