
၁၃-၃-၂၀၁၀ ရက်ေန့ ၊ ဒဂံုစင်တာရိှ ဆိုင်ခန်း များတွင် ေငွသားနှင့် အဝတ်အထည်များ ေပျာက်ဆံုးလျက် ရိှသည်ကုိ ေတွ့ရိှရသည်။ ထို့ေနာက် စမ်းေချာင်းြမို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့် အေြကာင်း ြကားရာမှ
ြဖစ်စဉ်မှာ -၁၂-၃-၂၀၁၀ ရက်ေန့၊ ဒဂံုစင်တာ ပိတ်ချိန်၌ တာဝန်ကျ လံုြခံုေရး ဝန်ထမ်းများသည် ဆိုင်ခန်းများနှင့် အခန်းများအား လိုက်လံ စစ်ေဆးရာ အိမ်သာ အခန်းတခန်းသည် အထဲမှ ဂျက်ထိုး ကလန့်ထားသည်ကို ေတွ့ရေြကာင်း၊ ၎င်း လံုြခံုေရးဝန်ထမ်း များမှ သန့်ရှင်းေရး အလုပ်သမားများ ထင်၍ ဘာမှ စစ်ေဆး ေမးြမန်းြခင်း မရိှခဲ့ေြကာင်း သိရှိရသည်။
ဆက်လက်၍ စံုစမ်းရာ ဒဂံုစင်တာ လူေနတိုက်ခန်းများတွင် ေနထုိင်သူ မိသားစုမှ CCTV ကင်မရာအား ေြမညီထပ် ဓါတ်ေလှ ကား ထိပ်တွင် တပ်ထားေြကာင်း၊ ဒဂံုစင်တာတွင် စင်တာပိုင် ကင်မရာများမရိှဘဲ ထိုမိသားစုပိုင် ကင်မရာ တခုသာရိှသည်ကုိ ေတွ့ေြကာင်း၊ သို့ပါ၍ ထို CCTV ကင်မရာအား စစ်ေဆးရာ ၁၃-၃-၂၀၁၀ ရက်ေန့ မနက် ၄နာရီ အချိန်ေလာက်တွင် ယခုေခတ် Rapper စတုိင်လ် အ၀တ်အစားများြဖင့် လူေကာင် ေသးေသး လူသံုးဦး အထုပ်အပိုးများ လွယ်ကာထွက်ခွာ သွားသည့် ေကျာြပင်ကုိ ေတွ့ရိှရသည်။
ထို လူသံုးဦး ထွက်ခွာသွားချိန်တွင် လံုြခံုေရး တာဝန်ရိှသူများ ရိှေနပါေြကာင်း၊ လံုြခံုေရး ဝန်ထမ်းများမှ အေပါ်ထပ်မှ ဧည့်သည်များ ခရီးထွက်မည်ထင်၍ စစ်ေဆး ေမးြမန်းြခင်း အလျဉ်းမရိှခဲ့ေြကာင်း သိရိှရသည်။
ထို့ေနာက် ၁၂-၃-၂၀၁၀ ရက်ေန့ စင်တာပိတ်ချိန်တွင် မစစ်ေဆးခဲ့ရေသာ အိမ်သာခန်းအား သွားေရာက်စစ်ေဆးရာ အိမ်သာအခန်း ထပ်ခိုးကို ေဖာက်ထားသည်ကုိ ေတွ့ရိှခဲ့ရသည်။ ထို ေဖာက်ထားေသာ အေပါက်ကို ဆက်လက် စစ်ေဆးရာ ဆိုင်ခန်းထပ်ခိုးများသို့ သွားခဲ့ေြကာင်းကုိ ေတွ့ရိှရသည်။ စင်တာ အတွင်းဖက်တွင် ဆိုင်ခန်းတခန်း အထက်မီးဆိုင်းများကို ေဖာက်ထားသည်ကို ေတွ့ရ၍ ၎င်းမှ ဆိုင်ခန်းများ အတွင်းသို့ ဝင်ေရာက်သည်ဟု ယူဆရေြကာင်း သိရိှရသည်။ ဆိုင်များမှာ တန်ဖိုးြကီးေသာ အဝတ်အထည်များ၊ ဖိနပ်များ၊ ခါးပတ်များအြပင် ဆိုင်တွင် သိမ်းထားေသာ ေငွသားများကိုပါ ယူသွား ေြကာင်း သိရှိရသည်။
ရဲမှ ဆက်စပ် ယူဆချက်မှာ ၎င်းေဖာက်ထွင်းသူ သံုးဦးသည် ဘယ်ေနရာတွင် ဘာရိှသည်ကို တပ်အပ်သိေနသည်မှာ ထူးဆန်းပါေြကာင်း၊ ေန့လည် သို့မဟုတ် တေန့ခင်းလံုး ဒဂံုစင်တာတွင် ရိှေနသည်ဟု ထင်မိပါေြကာင်းနှင့်၊ စင်တာပိတ်ချိန် တွင် အိမ်သာခန်းတွင် ဝင်ေရာက်ခိုေအာင်းကာ ေဖာက်ထွင်းခဲ့သည်ဟု ယူဆပါသည်။ ေလးထပ်တွင် ဖိနပ်တရံကို ေတွ့ရ၍ ၎င်း ေဖာက်ထွင်းသူ သံုးဦးသည် ေလးထပ်တွင် အဝတ်အစား အသစ်များလဲကာ ဓါတ်ေလှကားမှ ေန၍ ခရီးထွက်မည့် သူများ အသွင်ြဖင့် ဆင်းသွားသည်ဟု ယူဆသည်။ ေငွသား (၈)သိန်းနှင့် အဝတ်အထည်များ ေပျာက်ဆံုးလျက်ရိှရာ စုစုေပါင်း တန်ဖိုးေငွ (၃၃)သိန်းေကျာ် ေဖာက်ထွင်းခံခဲ့ရသည်ဟု သိရသည်။
လံုြခံုေရး တာဝန်ယူထားသည်မှာ FISCA ကုမ္ပဏီမှြဖစ်၍ ေဖာက်ထွင်းခံရေသာ ဆိုင်ခန်းများမှ အေလျာ်ေတာင်းေန ေြကာင်း သိရိှရသည်။
လင်းဦး(စိတ်ပညာ)













