
ေတာ့တင်ဟမ် ေဟာ့စပါး ေတာင်ပံ သမား ဂရတ် ေဘးအား ေခါ်ယူရန် မန်ချက်စတာ ယူနိုက်တက် အသင်း က ြကိုးပမ်းေနေြကာင်း သိရှိရသည်။
အဂင်္လန် ချန်ပီယံ ကလပ်အသင်းသည် အသက် (၂၀)အရွယ် ေဝလ် လက်ေရွးစင် ဘယ်ေတာင်ပံ ခံစစ်မှူးအား ေပါင်စတာလင် သန်း (၂၀)ြဖင့် ေခါ်ယူရန် စိတ်ဝင်စား ေနခဲ့သည်။ မန်ချက်စတာ စီးတီး နှင့် အင်တာမီလန် တို့ကလည်း စိတ်ဝင်စား ေနသည့် ေဘးအား ၎င်း အသက်(၁၇)နှစ် အရွယ် ကတည်း က ယူနိုက်တက် နည်းြပြကီး ဆာအဲလက်စ် ဖာဂူဆန်က ြကိုးပမ်းခဲ့ေသာ်လည်း ယင်းက ပံုမှန် ပွဲထွက်ခွင့် ေသချာေစမည့် ေတာ့တင်ဟမ် ကိုသာ ထိုစဉ်က ေရွးချယ်ခဲ့သည်။
ြပီးခဲ့သည့် သီတင်းပါတ်က ချဲလ်ဆီးနှင့် ပွဲစဉ်တွင် အထူး ေြခစွမ်းြပခဲ့ေသာ ေဘးအား ေရာင်းချရန် အစီအစဉ် မရှိေြကာင်း ေတာ့တင်ဟမ် နည်းြပ ဟယ်ရီရက်နပ်က ေြပာြကားထားေသာ်လည်း ဖာဂူဆန် ကမူ ြကိုးပမ်းသွားဖွယ် ရှိေနသည်။
Free Kick အကန်ေကာင်းြပီး ကွင်းလယ် ဘယ်ေတာင်ပံေရာ၊ ေနာက်တန်း ဘယ်အစွန်တွင်ပါ အေကာင်းဆံုး ကစား နိုင်သည့် ေဘးသည် ေတာ့တင်ဟမ်သို့ ေရာက်ရှိကာစ နှစ်များ က ပံုမှန်ေြခစွမ်း ရရှိရန် ရုန်းကန် ခဲ့ရေသာ်လည်း ယခုအခါ တွင် အသင်း၏ အဓိက ကစားသမား တဦးအြဖစ် အေကာင်းဆံုး စွမ်းေဆာင်ြပေနေြကာင်း ေတွ့ြမင် ရသည်။













